နမ့်စန်မြို့နယ်တွင် ဆောက်လုပ်မည့် အောက်စီဂျင် စက်ရုံအတွက် အလှူငွေ ကျပ်သိန်း ၅၀ လာရောက်လှူဒါန်း

နမ့်စန်(တ) ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး၌ လိုအပ်သော အောက်စီဂျင်ထုတ်လုပ်သည့်စက် ၁ လုံး တပ်ဆင်ရာတွင် အသုံးပြုနိုင်ရေး အတွက် အမှတ် (၁)ရပ်ကွက်နေ ဦးကေဒါန်နတ်(ခ) ဦးစိုးဝင်း+ဒေါ်ရေခါးဒေဝီ( ရွှေနှင်းဆီ ကားပစ္စည်းရောင်းဝယ်ရေး မိသားစု) မှ ငွေကျပ် သိန်း ၅၀ အား ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ အလှူရှင်မိသားစုလှူဒါန်းသည့် အလှူငွေများကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ် ၇ ခုနှင့် မြို့ ၅ ခု ရှိပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော အောက်စီဂျင်စက် ၁ လုံးကို နမ့်စန်မြို့နယ်တွင် ဝယ်ယူတည်ဆောက်မည်ဖြစ်ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ မှ ကျပ်သိန်း ၉၀၀ မတည်ထောက်ပံ့ပေးမည်ဖြစ်ကာ စက်အတွက်လိုအပ်သည့်ငွေ နှင့် သယ်ယူပို့ဆောင်ရေး ၊ စက်ရုံအဆောက်အဦ ဆောက်လုပ်ရေး နှင့် အခြားလိုအပ်သည်တို့အတွက် စေတနာရှင်အလှူရှင်များ က နမ့်စန်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီသို့ လာရောက် လှူဒါန်းလျက်ရှိပြီး ယနေ့အထိ စုစုပေါင်း လှူဒါန်းငွေ ငွေကျပ် ၂၁၅ သိန်း လက်ခံရရှိပြီဖြစ်ကြောင်း သိရသည်။