Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ Oxygen Plant ဝယ်ယူရေး အလှူငွေကျပ် သိန်း (၁၅၀၀)လာရောက်လှူ…
Jul 20,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ Oxygen Plant ဝယ်ယူရေးအတွက် Steel Stone Co.,Ltd နှင့် ငွေပွင့်လင်းကုမ္ပဏီတို့မှ အလှူငွေကျပ် သိန်း(၁၅၀၀) ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးတွင် Oxygen စက် တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ…
Jul 20,2021
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေ (၄)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်၊ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အောက်စီဂျင်ထုတ်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင် တပ်ဆင်ထားရှိသော Oxygen Plant (Oxymet)မှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပြည်…
Jul 19,2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ကာ ပြည်သူ့ ဆေးရုံများနှင့် ကိုဗစ်ကုသရေး စင်တာများသို့ ပို့ဆောင်ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်၌ ယနေ့ညနေက ပိုးတွေ့အတည်ပြုလူနာတစ်ဦးထပ်တိုး ကိုဗစ်ပိုးတွေ့ သူစုစုပေါင်း ၁၆ ဦးထိရှိလာ
Jul 19,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ယနေ့ညနေက ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိသူတစ်ဦးထပ်တိုးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်
Jul 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်နှံ့မှုမရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်၈နာရီအချိန်က ဝါးခယ်မမြို့၊ ရေကျော် ရပ်ကွက်၊ မြူရုံးလမ်းတစ်လျှောက်နှင့်ရွာလယ်ရပ်ကွက်၊ မြို့ပါတ်လမ်း စသည့် လူအသွားအလာများပြားသည့် နေရာများတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့ တွင် ကိုဗစ်-၁၉ Positive လူနာများထားရှိရန် လူ(၅၀)ဦးဆန့် Facility Quarantine Centre ကြိုတင် ပြင်ဆင်ထားရှိ
Jul 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ Positive လူနာများထားရှိရန် လူ(၅၀)ဦးဆန့် Facility Quarantine Centre တစ်ခု ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)တွင် အောက်စီဂျင်ဗူးများလှူဒါန်း
Jul 19,2021
မူဆယ် ဇူလိုင် ၁၉ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊မူဆယ်မြို့နယ် ၊ပန်ဆိုင်း (ကြူကုတ်) မြို့တွင်ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွင် အသုံးပြုရန် ပြည်သူ့စစ်တပ်ဖွဲ့ နှင့် WANDING- YINGYI FIRM Co;LTDတို့မှ အောက်စီဂျင် ( 40 )လီတာ ၂၀ အိုး (O 2ဖြည့်ပြီး)၊Mask ( 2000 )ခုပါ၅ပုံး၊ PPE ဝတ်စုံ- ၂၀ ထည်ကို ပန်ဆိုင်း(ကြူကုတ်)မြို့ ပြည်သူ့ဆေးရုံ မှ တာဝန်ရှိသူများ လက်ဝယ် ထံသွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောတွင် အသိပညာပေးနှိုးဆော်
Jul 19,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုများမရှိစေရန်အတွက် ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26042
Page
26043
Page
26044
Page
26045
Current page
26046
Page
26047
Page
26048
Page
26049
Page
26050
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department