ဝါးခယ်မ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်နှံ့မှုမရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်၈နာရီအချိန်က ဝါးခယ်မမြို့၊ ရေကျော် ရပ်ကွက်၊ မြူရုံးလမ်းတစ်လျှောက်နှင့်ရွာလယ်ရပ်ကွက်၊ မြို့ပါတ်လမ်း စသည့် လူအသွား အလာများပြားသည့် နေရာများတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်း (Mask)များအခဲ့ ဖြန့်ဝေခဲ့ခြင်းကိုမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ရဲမှူးအေးလွင်နှင့် ဦးစီးအရာရှိ(၄)ဦး အခြားအဆင့်(၁၅)ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်း များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၄၀)ဦး တို့ကနေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးသွား/ ဈေးလာများ နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက် ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရေးတို့အား အသိပညာပေး ဟောပြောခြင်း" ကိုဗစ်-၁၉ ရောဂါ (COVID-19) မိမိကစ ကာကွယ်ပါ" ခေါင်းစဉ်ပါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များအား အသံချဲ့ စက်ဖြင့် အသိပေးကြေငြာပေး ခြင်းများပြုလုပ်ခဲ့ပြီး တစ်ခါသုံး နှာခေါင်းစည်း (Mask)(၆၀၀)ခုအားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ စောသန္တာဦး