မာန်အောင် ဇူလိုင် ၁၉
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ယနေ့ညနေက ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိသူတစ်ဦးထပ်တိုးကြောင်း မြို့နယ် ကျန်းမာ ရေးဦးစီးဌာနက သိရသည်။
အဆိုပါ ပိုးတွေ့လူနာသည် မာန်အောင်မြို့၊ မြိုသစ်ရပ်ကွက်နေမူ/အုပ်(အငြိမ်းစား)အသက် (၆၇)နှစ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယနေ့ညနေက အနံ့မရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသစစ်ဆေးရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ ရှိခဲ့သည်။
၎င်းပိုးတွေ့လူနာသည် ခရီးသွားရာဇဝင်မရှိကြောင်းသိရပြီး မြို့နယ်ပြည်သူ့ ဆေးရုံ(ဟောင်း)သီးသန့်ခန်းတွင် ထားရှိကာဆေးကုသခံယူ လျက်ရှိသည်။မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ အတည်ပြု လူနာ၁၆ဦးရှိပြီး ဖြစ်ကြောင်းသိရသည်။
သိန်းဖေ