ခမောက်ကြီးမြို့ တွင် ကိုဗစ်-၁၉ Positive လူနာများထားရှိရန် လူ(၅၀)ဦးဆန့် Facility Quarantine Centre ကြိုတင် ပြင်ဆင်ထားရှိ

ခမောက်ကြီး ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ Positive လူနာများထားရှိရန် လူ(၅၀)ဦးဆန့် Facility Quarantine Centre တစ်ခု ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ Centre အား ခမောက်ကြီးတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး ဇော်မင်းထက်က ဦးဆောင်၍ တပ်နယ်ခန်းမ (၅၀၀)ဦးဆန့်သည့် ခန်းမတွင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူ(၅၀)ဦးထားရှိနိုင်သည့် နေရာများ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရသည်။
ခမောက်ကြီး မြို့တွင် လွန်ခဲ့သည့် ဇွန်လအတွင်းက ကိုဗစ်-၁၉ Positive လူနာ (၁)ဦးသာတွေ့ရှိထား၍ အဆိုပါလူနာမှာ သက်လာပျောက်ကင်းသွားခဲ့ပြီး ဖြစ်ကာ ယနေ့အချိန်အထိထပ်မံမတွေ့ရှိရ သေးကြောင်း သိရသည်။