အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2021
မွန်ပြည်နယ် ရေးမြို့နယ် ကုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံးဝန်းအတွင်း ဝိသာခါဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်) တို့မှ မတည်ငွေနှင့် ရဟန်းရှင်လူပြည်သူများ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအတွက် နေ့စဉ်အောက်ဆီဂျင်များကို လုံလောက်စွာထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 21,2021
မိတ္ထီလာမြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၃ ရက်နေ့အထိ ဆီမီးလော့ဒေါင်းချ အသွား အလာကန့်သတ်ထားပြီး မွန်းလွဲ ၁ နာရီအချိန်နောက်ပိုင်း သွားလာခြင်းမပြုရန် တားမြစ် ထားရာ ယနေ့မွန်းလွဲ ၁ နာရီခွဲက အပြင်ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Jul 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဇူလိုင် ၂၁ ရက်နံနက် ၃ နာရီခွဲခန့်မှ ၈ နာရီခန့်ထိ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လိတ္ထူကျေးရွာမြောက်ဘက်ကပ်လျက်ရှိ  ဒေသအခေါ် မြောက်ချောင်းရေလျှံမှုဖြစ်ရာ ကားလမ်း(ကန့်ဘလူ -ကျွန်းလှ-ကောလင်း နတလလမ်း) ပေါ်ရေကျော်ရာ နံနက်ပိုင်းက သုံးပေခန့်ထိဖြစ်ပြီး  အဆိုပါနေရာသို့ ကန့်ဘလူမြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက ကားများ၊ ဆိုင်ကယ်များ ဖြတ်ကူးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မြို့နယ်များတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အောက်စီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်မားလျှက်ရှိသည်။
Jul 21,2021
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးဆွေးနွေးပွဲအခမ်းအနားကိုဇူလိုင်လ(၂၀)ရက်နေ့ညနေပိုင်းကဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ကိုကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ဗစ်-၁၉‌ရောဂါကြိုတင်ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 21,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လိုက်နာနေထိုင်ကြစေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်း က ချောင်းဖြူကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များ၊ ပေကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် မင်းလွင်ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။