အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်း က မလှိုင်မြို့ပေါ် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်ပြီး နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ကို ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီက ကလေး-ကလေးဝလမ်းမကြီးနှင့် ပင်လုံလမ်းမတော်လမ်းဆုံမီးပွိုင့်၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Jul 21,2021
 ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချူပ်ရေး လုပ်ငန်း များကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကံပိုင်ရပ် ကွက်၊ ဂူတာရပ်ကွက် သိမ်တောင်ရပ်ကွက်၊ ကိုင်းရှည်ကျေးရွာ လမ်းဆုံများနှင့် မြို့ပေါ်ရပ် ကွက်များအတွင်း လှည့်လည်၍ ကိုဗစ်-၁၉ အသိပညာပေး​လုက်ငန်းများနှင့် နှာခေါင်းစည်း Mask များ တပ်ဆင် အပြင်ထွက်/ မထွက် စစ်ဆေးဆောင်ရွက်ခဲ့သည်။
Jul 21,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါအသိပညာပေး နှိုးဆော် ချက်များ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jul 21,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည် တန်ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်ကူညီဆောင်ရွက်ပေးသည့်လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 21,2021
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  ဟိုပန်ခရိုင်၊ ဟိုပန်မြို့ရှိ Quarantine Centre များတွင် အသုံးပြုရန်အတွက် ကုတင်နှင့်အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 21,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေပိုင်းတွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။