Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖားကန့်မြို့နယ်၌ ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်
Jul 21,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကုတင်(၅၀)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ကျင်းပရာ ခရစ်ယာန်ဘာသာ ဂိုဏ်ပေါင်းစုံဆရာတော်အသင်းဥက္ကဋ္ဌ ဦးဘီတူးဂျာကဆုတောင်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု ထိန်း ချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ် ဆင်မြီးဆဲမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jul 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ်ရတနာ ရပ်ကွက်တွင် ယမန်နေ့ည ၉ နာရီခွဲအချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လိုက်နာရမည့် သတ်မှတ် စည်းကမ်း များကို အသံချဲ့စက်ဖြင့် မြို့တွင်းသို့ လှည့်လည်ကြေညာခြင်းနှ…
Jul 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လိုက်နာရမည့် သတ်မှတ် စည်းကမ်းများကို အသံချဲ့စက်ဖြင့် မြို့တွင်းသို့လှည့်လည် ကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခြင်း တို့ကို မအီမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်
Jul 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော် မတီနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆောင်ရွက်နေ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ဇူလိုင်လ ၂ရက် နေ့မှစ၍ ကိုဗစ်- ၁၉ အတည်ပြု လူနာ (၁)ဦး စတင်တွေ့ရှိခဲ့ရာ ဇူလိုင်လ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၃၄၅) ဦးအထိ မြင့်တက်လာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ Quaratine Centre ထားရှိမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် Quaratine Centre ထားရှိမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁နာရီက Quaratine Centre ထားရှိမည့် နောင်တောင်းဗုဒ္ဓကောလိပ်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးလုပ်ငန်းမ…
Jul 21,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ယာယီပျံကျစျေးနှင့် လမ်းဆုံများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26030
Page
26031
Page
26032
Page
26033
Current page
26034
Page
26035
Page
26036
Page
26037
Page
26038
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department