ဘူးသီးတောင် ဇူလိုင် ၂၁
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးဆွေးနွေးပွဲအခမ်းအနားကိုဇူလိုင်လ(၂၀)ရက်နေ့ညနေပိုင်းကဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြစိမ်းရောင်ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ဘဒ္ဒတ္တအရိယာဝံသ မှသြ၀ါဒစကားပြောကြားခဲ့ပြီးမြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးမှအဖွင့်အမှာစကားပြောကြားကာ အေးစေတီကျောင်းတိုက် စာချဆရာတော် ဘဒ္ဒတ္တ နာဂ မှအောက်ဆီဂျင်စက်ရုံလိုအပ်ချက်နှင့်ပတ်သတ်၍သြ၀ါဒစကားမိန့်ကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ စောမင်းသိန်းမှ ဘူးသီးတောင်မြို့နယ်အတွင်း COVID-19ရောဂါ ဖြစ်ပွါးခဲ့မှု ဖြစ်ပွါးနေမှုအခြေအနေများအားရှင်းလင်းပြောကြားခြင်း၊ကြိုတင်ကာကွယ်ကုသရေး ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းပြောခြင်း ၊အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်အခြေအနေများနှင့်ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်သွားရမည့်အစီအမံများအားရှင်းလင်းပြောကြားသည်။
ထို့ပြင် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အလှူရှင်များမှ အလှူငွေများအားထည့်၀င်လှူဒါန်းကြငွေကျပ် သိန်း(၁၀၀၃)သိန်းကျပ်ရရှိခဲ့ ပြီးအောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီအဖွဲ့များဖွဲ့စည်းပြီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ရာတွင် ပါ၀င်လှူဒါန်းလိုသူများအနေဖြင့်ကော်မတီအဖွဲ့၀င်များထံသို့ အလှူငွေများပါ၀င်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)