Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်စိမ်း၊သား၊ငါးနှင့် ပျံကျ ဆိုင်များအားနှာခေါင်းစည်းများ တပ်ဆင်ရောင်းချနေမှုများကို ယနေ့နံနက် ၉ နာရီက ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်
Jul 21,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ပူတာအိုမြို့နယ်တွင် ယခုလ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများလာခြင်းကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင် ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိတုနှင့် တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ် နေသာအောင်နှင့် တပ်ဖွဲ့၀င်များ ပူးပေါင်းကာ ယနေ့ နံနက်(၉)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနိူးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး Faciality Quarantine Center တိုးချဲ့ဆောင်ရွက်နေမှုတို့အားကွင်းဆင်းစစ်ဆေး
Jul 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရန် ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ ဝန်ထမ်းများ၊ မြို့နယ် အဆင့်ကော်မတီအဖွဲ့ဝင်များ၊ ပင်းတယ မြို့မ ရဲတပ်ဖွဲ့ ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး Faciality Quarantine Center တိုးချဲ့ဆောင်ရွက်မှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jul 21,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့အတွင်းရှိ ရပ်ကွက်များ၊လမ်းဆုံလမ်းခွများနှင့် လူစည်းကားရာနေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် အောင်ဆီဂျင် စက်ရုံ အမြန်ဆုံးတည်ဆောက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်
Jul 21,2021
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာ ကြပ်မတ်ကုသဆောင်များတွင် အောင်ဆီဂျင် လုံလောက်စွာရရှိပြီး ရေရှည်အသုံးပြုနိုင်ရန် ဆရာတော်၊သံဃာတော်များ၏ ဩဝါဒကို နာယူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးအောင်ကြည်သိန်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ တို့မှ ဦးဆောင်၍ ဇူလိုင်လ(၂၀)ရက်နေ့ညနေပိုင်းက ရန်ပုံငွေ ရှာဖွေရေးကော်မတီကို ဖွဲ့စည်းပြီး အောင်စီဂျင်စက်ရုံ အမြန်ဆုံး တည်ဆောက် အသုံးပြုနိုင်ရေး အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်းလုပ်ငန်…
Jul 21,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့နံနက်ပိုင်းက မြို့ပေါ် လမ်းဆုံ၊ လမ်းမ များနှင့် ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Jul 21,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ဌာနဆိုင်ရာ အဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26031
Page
26032
Page
26033
Page
26034
Current page
26035
Page
26036
Page
26037
Page
26038
Page
26039
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department