ကန့်ဘလူမြို့နယ်တွင် မြောက်ချောင်းရေလျှံမှုကြောင့် ကားလမ်းပေါ်ရေကျော်

ကန့်ဘလူ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဇူလိုင် ၂၁ ရက်နံနက် ၃ နာရီခွဲခန့်မှ ၈ နာရီခန့်ထိ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လိတ္ထူကျေးရွာမြောက်ဘက်ကပ်လျက်ရှိ  ဒေသအခေါ် မြောက်ချောင်းရေလျှံမှုဖြစ်ရာ ကားလမ်း(ကန့်ဘလူ -ကျွန်းလှ-ကောလင်း နတလလမ်း) ပေါ်ရေကျော်ရာ နံနက်ပိုင်းက သုံးပေခန့်ထိဖြစ်ပြီး  အဆိုပါနေရာသို့ ကန့်ဘလူမြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက ကားများ၊ ဆိုင်ကယ်များ ဖြတ်ကူးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးက ဒီနေ့မနက် ၃ နာရီခွဲကနေ ၈ နာရီထိ အဆက်မပြတ် ရွာသွန်းခဲ့ပါတယ်။ ကားလမ်းရေကျော်နေလို့  ကားများစက်ရပ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူတွေကဝန်းဝိုင်း ကူညီတွန်းပေးကြပါတယ်။ ရေစီးကလည်းသန်ပါတယ်။ ညနေ ၅ နာရီလောက်ဆိုရင်  ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သန်းကူးလို့ရပါပြီ။ မိုးများတိုင်း ဒီနေရာကရေကျော်နေကြနေရာ ဖြစ်ပါတယ် ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ချောင်းရေလျှံမှုကြောင့် လိတ္ထူကျေးရွာမြောက်ဘက်ရှိ လူနေအိမ်လေးလုံးခန့် ရေဝင်

ရောက်မှုရှိသော်လည်း ပျက်စီးဆုံးရှုံးမှု မရှိကြောင်း၊ စိုက်ပျိုးထားသည့် သီးနှံလည်းမရှိသေး ကြောင်းနှင့် ရွာ၏အရှေ့မြောက်ဘက်ရှိ မြောက်ချောင်းမြေနိမ့်လျှက်ရှိသည့် နေရာတွင် သုံးပေ ခန့် ကျောက်ချမြေဖို့ခြင်းများ ဆောင်ရွက်နိုင်ပါက ယခုလို ရေလျှံခြင်းများ မဖြစ်ပေါ်နိုင် တော့ကြောင်း၊ အချို့ဆိုင်ကယ်များမှာလည်း တစ်စီးနှစ်ထောင်ဖြင့် ဖြတ်ကူးလျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

အောင်ဝင်းငြိမ်း