ရွှေကူမြို့နယ်တွင် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာထွက်ရှိမည့်စက်ရုံ တည်ဆောက် သွားမည်

ရွှေကူ ဇူလှိုင် ၂၂

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန်အ တွက် အောက်ဆီဂျင် တစ်နာရီလျှင် အောက်ဆီဂျင် ၁၈၀ လီတာထွက်ရှိမည့်စက်ရုံ တည်ဆောက် သွားနိုင်ရေး အလှူငွေလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေကူမြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း က အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး အတွက် ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များအား ဝမ်းသာစွာကြိုဆိုပါကြောင်း၊ ယခုဖြစ်ပေါ် နေသော ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရသောလူနာများအတွက် လိုအပ်နေသည့် အောက်ဆီဂျင် စက်ရုံဖြစ် မြောက်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အောင်မြင်စွာတည်ဆောက်နိုင်ရေး အတွက် ကော်မတီ အနေဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် ဦးဌေး+ဒေါ်စမ်းဌေး မိသားစု (ရွှေတောင် တန်း) မှ မတည်လှူဒါန်းငွေကျပ် သိန်း( ၁၀၀)၊ဒေါ်ဝင်းကြည် မိသားစု (တော်ဝင်သပြေ) မှ သိန်း (၅၀)၊ ဦးနေစိုးမိုး+ ဒေါ်ချိုနွယ်အေး မိသားစု (သိင်္ဂီရွှေစင် ရွှေဆိုင်) မှ သိန်း(၅၀)၊ ဦးလောဟု သားသ မီးများ မိသားစု (ရွှေနှင်းဆီ ရွှေဆိုင်) မှ သိန်း(၂၀) ၊ ဦးအောင်မြင့်သန်း+ ဒေါ်မြင့်မြင့်ဌေး မိသားစုမှ (၁၀) သိန်း ၊ဦးကျော်ဝင်း(ကုန်စုံဆိုင်) မိသားစုမှ (၁၀) သိန်း၊ ဦးကျော်+ဒေါ်ငုဝါသင်း မိသားစုမှ (၁၀) သိန်း၊ ဦးစိန်ဝင်း+ဒေါ်ကော့မိုင် မိသားစု မှ (၁၀) သိန်း စုစုပေါင်းလှူဒါန်း ငွေကျပ်သိန်း(၂၆၀)လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ဆက်လက်လှူဒါန်းသွားမည့်သူများလည်းရှိသေးကြောင်း၊ အလှူရှင်များ စုပေါင်းလှူဒါန်းငွေမျာဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး ယခုအချိန်တွင် အောက်ဆီ ဂျင်ထုတ်သည့်စက်ကို မှာယူထားရှိပြီးဖြစ်ကြောင်း ၊စက်တန်ဖိုး နှင့် အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရန်အတွက် စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း(၉၀၀)ခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားပါ ကြောင်း” ရွှေကူမြို့နယ် အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီ အတွင်း ရေးမှူး ဦးမြဦး ထံမှ သိရှိရသည်။
အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက ရွှေကူမြို့နယ် အောက်ဆီဂျင် ဖြစ်မြောက်ရေးကော် မတီ အတွင်းရေးမှူး ဦးမြဦး (phone – 09444028197) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)