မိုင်းကိုင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် ထောက်ပံ့လှူဒါန်း

မိုင်းကိုင် ဇူလိုင် ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးနှင့် ဆေးကု သမှုခံယူနေသော အတည်ပြုလူနာများအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမှတ်(၅၁၄) ခြေမြန်တပ်ရင်းမှ ထောက်ပံ့ ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။ အဆိုပါထောက်ပံ့လှူဒါန်းမှုတွင် ခွန်အားဖြည့် အစာအာဟာရများအဖြစ် ကြက်ဥ ၅၇၇ လုံး၊ ဆန် သုံးအိတ်၊ နွားနို့နှင့်နို့ဆီဘူးများ၊ ကြက်ပေါင်းရည်ဘူးများ၊ ရွှေဖီဦး လက်ဘက်ရည်ထုတ်များနှင့် ပါးစပ်နှာခေါင်းစည်း(mask) များကို ထောက်ပံ့ လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ကုသရေး ကော်မတီ ၊ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး နှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ မိုင်းကိုင်မြို့နယ်အတွင်း၌ စစ်ဆေးတွေ့ရှိခဲ့သော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများသည် မြို့နယ် ပြည်သူ့ဆေးရုံရှိ Isolution Ward ၌ ဆေးကုသမှုခံယူနေပြီး ရောဂါကင်းစင်၍ ခွန်အား ပြန်လည်ပြည့်ဝလာ စေရေးအတွက် စေတနာရှင်အလှူရှင်များကလည်း အစာအာဟာရ လှူဒါန်း မှုများဖြင့် နေ့စဉ်ကျွေးမွေးပြုစု ပေးလျက်ရှိကြောင်း သိရှိရသည်။ မြို့နယ်(ပြန်/ဆက်)