တပ်မတော်မှ ကိုဗစ်၁၉ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ဘော်လံတီယာအဖွဲ့များသို့ အဟာရဖြည့်အစားအစာများလှူဒါန်း

ကော့သောင်း ဇူလိုင်၂၂

တပ်မတော်မှ ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး နှင့်ကုသရေးလုပ်ငန်းများအားရှေ့တန်းမှ စွမ်းစွမ်း တမံ ဆောင်ရွက်ပေးလျှက်ရှိသည့် ကော့သောင်းခရိုင်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့ခံဘော်လံ တီယာအဖွဲ့များသို့ အဟာရဖြည့်အစားအစာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ နံနက်(၁၀)နာရီကကော့သောင်းခရိုင်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ တွင်ပြုလုပ်သည်။

လှူဒါန်းရာတွင် ကော့သောင်းမြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ၊ ဗိုလ်မှူးကြီး အောင်ဇော်လင်း က ကော့သောင်းခရိုင်၊ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်ထံသို့ ကျန်းများရေးဝန်ထမ်းများနှင့် ဘော်လံတီယာ အဖွဲ့များ အတွက်လှူဒါန်းသည့် အဟာရဖြည့် အစားအစာများအား လွဲပြောင်းပေးအပ် လှူဒါန်းသည်။

ကိုဗစ်၁၉ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်လျှက်ရှိပြီး ပိုးတွေ့လူနာများအား ဆေးဝါးကုသမှု အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ပေးလျှက်ရှိသည့် ဆရာဝန်နှင့်သူနာပြုဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ပိုးတွေလူနာများအားကူးစက်ပျံ့နှံ့မှုဆက်လက်မဖြစ်ပေါ်စေရေး ဆေးရုံသို့သယ်ယူပို့ဆောင်ပေးခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်း၊ သေဆုံးလူနာများအား ချက်ခြင်းသဂြိုလ် မှုလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ  ပူးပေါင်းပါဝင် ဆောင်ရွက်ပေး လျှက်ရှိသည့် မြို့ခံပရဟိတအဖွဲ့များ၊ ဘော်လံတီယာအဖွဲ့များ စားသုံးနိုင်ရေး အဟာရဖြည့် အသင့်စား အစားအစာများကိုပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းပွဲသို့ ကော့သောင်းမြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ၊ ဗိုလ်မှူးကြီး အောင်ဇော်လင်း၊  ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦအောင်ချို၊ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)