စစ်ကိုင်းမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

စစ်ကိုင်း ဇူလိုင် ၂၂

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမအတွင်း ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာကျန်းမာရေး ဌာနများမှ ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

“ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားတဲ့ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု ဝင်တွေကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးတာပါ ဆက်လက်ပြီးတော့လည်း ဦးစားပေးအဆင့် ပြည်သူတွေကိုလည်း ထိုးနှံပေးသွားမှာပါ”ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် လမ်းညွှန်မှုများနှင့်အတူ ယခုလို ကာကွယ်ဆေးများထိုးနှံပေးနေသလို သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ဒေသခံပြည်သူများပူးပေါင်း၍လည်း ကျန်းမာရေးအသိပညာပေးများနှိုး ဆော်ခြင်း၊ နေအိမ်ပြင်ပမဖြစ်မနေထွက်သူများကိုလည်း နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်းနှင့် မြို့အဝင်/ အထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဇော်မြင့်နိုင်