အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၊ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မက်မန်းမြို့နယ် တာကော်လေး၌ ကိုဗစ်-၁၉ အတည်ပြုလူနာထားရှိရန် နေရာတွင် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး၊ ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် ဝမ်မိုင်မိုင်းလုံးကျေးရွာအနီးရှိ ရေဘေးသင့် အိမ်ထောင်စု ခြောက်စုအတွက် ရေဘေးကယ် ဆယ်ရေးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Jul 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင်ဌာနဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းကိုယနေ့နံနက်(၇:၃၀)နာရီကပြုလုပ်ခဲ့သည်။
Jul 23,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ရာသီအဖြစ် ဇွန်လတွင် စတင်ပျိုးထောင် လျက်ရှိပြီး ဇူလိုင်လတွင် မိုးစပါးများ စတင်စိုက်ပျိုးကြောင်း သိရသည်။
Jul 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်ထိုးချဲ့ လူနာ ဆောင်အသစ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက် ပေးလျက်ရှိရာ  ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
Jul 23,2021
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။