လေးမျက်နှာမြို့နယ်၌  ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

လေးမျက်နှာ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင်ဌာနဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းကိုယနေ့နံနက်(၇:၃၀)နာရီကပြုလုပ်ခဲ့သည်။

ထိုသို့ ဆပ်ကပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာများ ပါဝင်သည့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းရေးအဖွဲ့(၅)ဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း(၁၈)ကျောင်းအား တစ်ကျောင်းလျှင် သင်္ကန်း(၃)စုံနှင့် ဝတ္တုငွေ(၃၅၀၀၀)ကျပ်၊ ဒက္ခိဏာရုံကျောင်းတိုက်အတွင်းရှိ ပရဟိတလူငယ်ဖွံ့ဖြိုးရေး ဂေဟာ အတွက်(၁၅၀၀၀၀)ကျပ်၊ အနန္တဂုဏ်ဝေသီလရှင်စာသင်တိုက်အတွက် (၇၀၀၀၀)ကျပ်၊ စုစု ပေါင်း လှူဒါန်းငွေ(၁၅၇၂၀၀၀)ကျပ်အား ကျောင်းတိုက်အသီးသီး သွားရောက်ဆပ်ကပ်လှူ ဒါန်းခဲ့ ကြောင်း သိရသည်။

 

ဝေဝေ