အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲ ဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေစပါးစိုက်ခင်း များမှာ ယခုအခါ အသီးများ ရင့်မှည့် လာပြီဖြစ်၍ တောင်သူများက မိုးသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် သီးနှံရိတ်သိမ်း ခြွေလှေ့ စက်ကြီးများဖြင့် အပြိုင်အဆိုင် သိမ်းဆည်းနေကြ ကြောင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဒေသခံတောင်သူများထံက သိရသည်။
Jul 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်းပြီး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
Jul 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက ပန်းတောင်းမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
Jul 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ ထားရှိရာ Positive Center များနှင့် အသွားအလာ ကန့်သတ်ထား ရှိခံရသူများ ထားရှိသည့် Facility Quarantine Center များသို့ အစာအာဟာရ ချက်ပြုတ်လှူဒါန်းနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်း တွင် ဘိုကလေးမြို့နယ်၊ ညောင်တုန်းစုကျေးရွာမှ ရွာသူရွာသားများမှ စုပေါင်းကာ ဒေသထွက် ဟင်းသီး ဟင်းရွက်များ လှူဒါန်းခဲ့ကြသည်။
Jul 24,2021
စစ်ကိုင်းမြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက စိန်ကုန်းတိုက်နယ်လေးကျွန်းမြေအုဠ်ကျောင်းတိုက် ပဓာန နာယကဆရာ တော်ဦးဆောင်၍ ကျောင်းတိုက်အတွင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား တိကျစွာလိုက်နာကြရန် လိုက်လံအသိ ပညာပေး ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
Jul 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ ဆီမီးလော့ဒေါင်းချ အသွားအလာကန့်သတ်ထားပြီး မွန်းတည့် ၁၂ နာရီ နောက်ပိုင်း သွားလာခြင်း မပြုရန် တားမြစ်ထားရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်က အိမ်အပြင် ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးမှု ဆောင်ရွက် ခဲ့ကြောင်း သိရသည်။