ပင်လုံ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျှော့ နည်းစေရေးအတွက် ယနေ့ နံနက်၉နာရီ မနစ် ၂၀ အချိန်ခန့်က လမ်းမတော်လမ်းတစ်လျှောက်၌ ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် အသိပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်လင်ခရိုင်နှင့် မြို့နယ်/မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လွိုင်လင် မြို့နယ် မီးသတ်ဉီးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန တို့ပူးပေါင်း၍ ယနေ့ နံနက်က ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျှော့နည်းစေရေးအတွက် ရောဂါကာ ကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအား သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ နေထိုင်ကြရန် အတွက် ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် လမ်းမတော်လမ်းတစ်လျှောက် လှည့်လည် ၍ အသိပေးနှိုးဆော်လျက် ရှိကြောင်း သိရသည်။