အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေးနှင့် လူသွားလမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 23,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက စတင်၍ လူသွားလာ သည့်နေရာများ လမ်းဆုံလမ်းခွနှင့် မြို့အဝင်က ညှော်ကျေးရွာလမ်းဆုံနှင့် နှီးမုတ်၊ ကမာမို၊ ဒေါင်းဥ၊ ဘိုးနက်ကျေးရွာ တို့တွင် အသိပညာပေးလုပ်ငန်းများ နှိုးဆော်ခြင်း ကိုဆောင်ရွက်ခဲ့သည်။
Jul 23,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူလူထုများ သိရှိလိုက်နာဆောင်ရွက် ရမည့် အချက်များအား ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် တပင်ရွှေထီးလမ်း တစ်လျှောက် မြို့ပေါ် ကွန်ကျိုင်း ၊ဈေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်အတွင်း အသံချဲ့စက် ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
Jul 23,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိရပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိသည့် လူနာများအား ထားရှိရန်အတွက် အမှတ် ( ၄) ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သီးသန့် Quarantine Centre အဖြင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်( ၁၀)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူနှင့် ကမမောင်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာဆုရဲထက်၊ မြို့မိ၊မြို့ဖများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား မနေ့က ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူ များ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Jul 23,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)၊ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်များရှိ အခြေခံပညာကျောင်း များတွင်  သံသယလူနာများထားရှိမည့် Quarantine  Centre ဆောင်ရွက်ထားမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 23,2021
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မရွေးရရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။