စစ်ကိုင်း ဇူလိုင် ၂၄
စစ်ကိုင်းမြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက စိန်ကုန်းတိုက်နယ်လေးကျွန်းမြေအုဠ်ကျောင်းတိုက် ပဓာန နာယကဆရာ တော်ဦးဆောင်၍ ကျောင်းတိုက်အတွင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်း ညွှန်ချက်နှင့်အညီ မြို့မိ/ မြို့ဖများ၊ ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမြန်ဆုံးတည်ဆောက်သွားမည်ဖြစ်ကြောင်း စက်ရုံအတွက် ပါဝါမီတာရရှိရေး အတွက်လည်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဆင်ပြေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေနေရာအခက်အခဲမရှိရ အောင်လည်း လေးကျွန်းမြေအုဠ်ကျောင်းတိုက်ဆရာတော်မှ ကျောင်းဝင်းအတွင်း ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍သိရသည်။
ဇော်မြင့်နိုင်