ကျောက်ကြီး ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ရုံး၌ နတ်သံကွင်း ဒေသ Facility Quarantine စခန်းနှင့် ကျောက်ကြီးမြို့နယ် အရန်ကုသရေးနေရာတွင် Volunteer ဆောင်ရွက်နေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များအား PPE ဝတ်စုံများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးသို့ ဒေသခံပြည်သူများမှလာရောက် လှူဒါန်းထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ရေးသုံးပစ္စည်းများ PPEဝတ်စုံများကို နတ်သံဒေသ Facility Quarantine များတွင် Volunteer ဆောင်ရွက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်း များမှ PPE ဝတ်စုံဖြူ (၁၀) စုံ၊ PPE ဝတ်စုံပြာ (၁၀) စုံ၊ ခြေထောက်ကာဘာ (၁၀) စုံ၊ PPE Cap (၁၀) ခု၊ Mask (နှာခေါင်းစည်း) (၃၅၀)ခု၊အားလည်းကောင်း၊ သုခိတ လူမှုကူညီရေးအဖွဲ့အား Mask (နှာခေါင်းစည်း) (၅၀၀)ခု၊ ကသစ်ဝိုင်ဓမ္မာရုံ အရံကုသရေးစင်တာတွင် Volunteer ဆောင်ရွက်နေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များအား PPE ဝတ်စုံပြာ (၅) စုံ၊ PPE Cap (၁၀) ခု၊ လက်အိတ် (၂၀၀)ခု ပါ (၁)ဖာ ကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)