ခမောက်ကြီး ဇူလိုင် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား တိကျစွာလိုက်နာကြရန် လိုက်လံအသိပညာပေး ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစီးမှုဖြင့် ရဲစခန်းမှူး၊ စည်ပင်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်၊ ကျန်းမာရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့တို့က ခမောက်ကြီးမြို့ စည်ပင်သာယာစျေး၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၊ ကွမ်းယာဆိုင်များ၊ စျေးဆိုင်များ၊ လူသုံးကုန် ပစ္စည်း ရောင်းဆိုင်များတွင် စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ကြရန်နှင့် ရောဂါပိုး ကူးစက်မှုမှ ကာကွယ်ရန် ရောဂါ ကာကွယ်ရေးနည်းလမ်းများအား တိကျစွာ လိုက်နာကြရန် လိုက်လံအသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။