ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ အရှိန်ဟုန်မြှင့်ဆောင်ရွက်

ကရသူရိ ဇူလိုင် ၂၄
 
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်းပြီး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ ကြောင်း သိရသည်။
 
ထို့သို့ ဆောင်ရွက်ရာတွင် ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ အခမဲ့ ဝေငှတပ်ဆင်ပေးခြင်း၊ ခရီးသွား/ လာ ဧည့်သည်များအား Mask တပ်ဆင်သွားလာမှုရှိစေရေး စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သည်။ အလားတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး သက်ဆိုင်ရာ ဝန်ထမ်းများမှ ပိုးသတ်ဆေးများ ဖြန့်ပေးခြင်းတို့ကိုလည်း ကောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ စျေးဆိုင်များတွင် စျေးဝယ်သူများနှင့် စျေးရောင်းချသူများ Mask တပ်ဆင်ထားမှု ရှိ/မရှိတို့ကိုလည်းကောင်း၊ ရပ်ကွက်များနှင့် လူအသွားအလာများသည့် နေရာများသို့ မီးသတ်ယာဉ် များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် လိုက်နာရ မည့်အချက်များ လှည့်လည်အသိပေးနှိုးဆော်ခြင်းတို့ကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး မိမိမြို့အတွင်းရှိ ဒေသခံမိဘ ပြည်သူများ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လက်တွေ့အကောင်အထည်ဖော် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ချမှတ်ထား သည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ရေး အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။