ဘိုကလေးမြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အသွားအလာ ကန့်သတ်ထားရှိခံရသူများအား ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဟင်းသီးဟင်းရွက် များလှူဒါန်း

ဘိုကလေး ဇူလိုင် ၂၄
 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ ထားရှိရာ Positive Center များနှင့် အသွားအလာ ကန့်သတ်ထား ရှိခံရသူများ ထားရှိသည့် Facility Quarantine Center များသို့ အစာအာဟာရ ချက်ပြုတ်လှူဒါန်းနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်း တွင် ဘိုကလေးမြို့နယ်၊ ညောင်တုန်းစုကျေးရွာမှ ရွာသူရွာသားများမှ စုပေါင်းကာ ဒေသထွက် ဟင်းသီး ဟင်းရွက်များ လှူဒါန်းခဲ့ကြသည်။
 
အဆိုပါ လှူဒါန်းမှုကို မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ တာဝန်ရှိသူများမှ သွားရောက်လက်ခံရယူ၍ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရာ Positive Center များနှင့် အသွား အလာ ကန့်သတ်ထားရှိခံရသူများ ထားရှိသည့် Facility Quarantine Center များသို့ အစာအာဟာရ ချက်ပြုတ်လှူဒါန်း ပေးပို့လျက်ရှိသည့် ဘိုကလေး မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ သဒ္ဓမ္မပါလပရဟိတ ဖောင်ဒေးရှင်း ဦးဆောင် ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
 
မိုးစက်