ပိုင်ကျုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်း နေအိမ်များသို့ ရေများ ဝင်ရောက်

ပိုင်ကျုံ  ဇူလိုင်၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ ကျဆင်း လာမှုကြောင့် ဒိုင်းကျိုင်းချောင်းနှင့်မဲပရချောင်းရေ မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဝင်ရောက်မှု အခြေအနေမှာ ဒိုင်းကျိုင်းချောင်းရေ၏ စိုးရိမ်ရေအမှတ် (၁၈)​ပေမှ ယမန်နေ့နံနက် ပိုင်းတွင် စိုးရိမ်ရေအမှတ် (၁၉)​ပေ(၈)လက်မသို့ ရောက်ရှိ၍ အမှတ်(၄)ရပ်ကွက် ၊ အမှတ်(၅)ရပ်ကွက် ၊အမှတ် (၃)ရပ်ကွက်တို့မှ ​​မြေ​နိမ့်ပိုင်းရှိ လူနေအိမ်များနှင့်လမ်းများ နစ်မြုပ်လျက်ရှိပြီး အချို့ အိမ်ထောင်စုများက ပြောင်းရွေ့နေထိုင်ခြင်း မရှိသေးသော်လည်း အိမ်ထောင်စုအချို့မှာ  ရေလွတ်ရာ ဆွေမျိုး များ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ရေဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ပိုင်ကျုံ(ပြန်/ဆက်)