ရွှေပြည်သာ ဇူလိူင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉ရောဂါ ကာ ကွယ်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက် (၂၃)ရပ်ကွက်နှင့်ကျေးရွာ(၄)ရွာအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏စီမံမှုဖြင့် ရရှိလာသော Oxygen(၄၀)လီတာအိုးအလုံး(၄၀)အား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်၊ ကျေးရွာများအလိုက် Oxygen အမှန်တကယ် လိုအပ်လျက်ရှိသော ပြည်သူများထံ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းမှစတင်၍ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
ရွှေပြည်သာမြို.နယ်အတွင်းတွင် နေထိုင်သူများမှကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များအတွက် အမှန် တကယ်လိုအပ်သော Oxygen များအား ရယူရာတွင် မိမိတို့ထိုင်ရာလိပ်စာနှင့်အတူ ဝေဒနာရှင်နှင့် တော်စပ်ပုံ၊လက်ခံရရှိမှုပုံစံနှင့်တကွ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီဖြန့် ဝေပေး လျက်ရှိပြီးOxygenများထပ်မံရရှိပါကလည်း လိုအပ်သည့်ပြည်သူများထံ ဆက်လက်ဖြန့်ပေးသွားမည် ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
အဆိုပါ Oxygen များလာရောက်ထုတ်ယူသည့် ပြည်သူများအား တာဝန်ရှိသူများက ကိုယ်ပူချိန် တိုင်းတာခြင်း၊ ပါးစပ်၊နှာခေါင်းစည်း ( Mask) တပ်ဆင်စေခြင်း၊လက်ကိုဆပ်ပြာဖြင့် ဆေးစေခြင်း၊ တစ်ဦး နှင့်တစ်ဦးခပ်ခွာခွာနေစေခြင်းများကို ကိုဗစ်-၁၉ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမိုး