ကျိုက်ဒုံ ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ နံနက်၈နာရီက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဟောင်သရောမြစ်ရေလျှံတက်လာပြီး စိုးရိမ်ရေအမှတ် (၅၁၈) စင်တီမီတာသို့ကျော်လွန်ကာ (၆၂၀)စင်တီမီတာသို့ရောက်ရှိခဲ့ပြီး ကျိုက်ဒုံမြို့အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊အမှတ် (၃)ရပ်ကွက်သို့ ရောက်များဝင်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါရေကြီးမှုကြောင့် ကျိုက်ဒုံမြို့အမှတ်(၃)ရပ်ကွက်တီံဿရာမစာသင်တိုက်၊ တောင်ပေါ်ကျောင်း၊ အမှတ်(၂)ရက်ကွက်အထက(ကျိုက်ဒုံ)တို့တွင်ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိပြီးတီံဿရာမစာသင်တိုက်တောင်ပေါ်ကျောင်းနှင့်အထက(ကျိုက်ဒုံ)တို့တွင် ရေဘေးသင့်ပြည်သူ အိမ်ခြေ (၃၉)လုံး၊ အိမ်ထောင်စု (၃၉)စု၊ကျား(၅၄)ဦး၊မ(၆၇)ဦး စုစုပေါင်း(၁၂၁)ဦးပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေစခန်းမှူးနှင် ့ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီနေထိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)