သရက်ချောင်းမြို့နယ်အတွင်းရှိCOVID-19(Possitive)လူနာများအားအစာ၊အာဟာရနှင့် သောက်ရေသန့်ထောက်ပံ့လှူဒါန်း ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

သရက်ချောင်း  ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၌ သရက်ချောင်းတပ်နယ်အရာရှိ စစ်သည်မိသားစုများမှCovid-19 Possitiveလူနာများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နေ့နံနက် ၁၀ အချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင်သရက်ချောင်းတပ်နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး လှိုင်ထွန်းမှ ထောက်ပံ့ လှူဒါန်းရခြင်းနှင့်ပက်သက်၍အဖွင့်မှာစကားပြောကြားပြီးထောက်ပံ့ပစ္စည်းများဖြစ်သော(Mask)၂၅၀၀ခု၊မုန့်(၂၀၀)ခု၊ကြက်ဥ(၃၀၀)လုံး၊ပဲ(၂၉)ပိဿ၊နှင့်သောက်ရေသန့်(၆၀၀)ဗူးစုစုပေါင်းတန်ဖိုး(၄၁၃၀၀၀)ကျပ်အားလူနာများအတွက်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူလူနာများအားမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးဇော်မင်းနှင့် တာဝန်ရှိသူများက နေ့ရက်အလိုက်ရေသန့်ဗူးကပ်(၂၀)အား ပေးအပ်လှူဒါန်းခဲ့ရာမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့်ကိုဗစ်-၁၉ ကော်မတီဝင်များက လက်ခံရယူပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦး ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်းသိရသည်။

သရက်ချောင်း(ပြန်/ဆက်)