လေရှီး ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့၌ ယနမန်နေ့နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့တွင်းလှည့်လည် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ လေရှီးမြို့ပေါ်နေမိဘပြည်သူများအနေ့ဖြင့် မလိုအပ်ဘဲအပြင်မထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်မည်ဆိုလျင် Mask နှာခေါင်းစည်းများတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆးရန်၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာတွင်နေထိုင်ကြရန် စသည့်အသိပညာ ပေးခြင်းလုပ်ငန်း များ ကို အရှိန်အဟုန်မြှင်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိုင်းသား(ပြန်/ဆက်)