ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေး

ပေါက်တော  ဩဂုတ် ၆

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ မြို့နယ်သာသနာ့ဗိမာန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမြို့နယ်ခန်းမတွင် ယနေနံနက်(၉:၀၀)နာရီက ထိုးနှံပေးပြီး ကျေးလက်ကျန်းမာရေးဌာနစုရပ်(၆)နေရာတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခြင်းကို ဆောင်ရွက်ကြသည်။

 စတုတ္ထနေ့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက် သက်ကြီးများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ဈေးရောင်းဈေးသည်များ၊ (Volunteer)များ၊ စေတနာ့ဝန်ထမ်းများနှင့်ယာဉ်မောင်းများအား မြို့နယ်ဆရာဝန်ကြီးဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများကကိုယ်အပူချိန်တိုင်းတာပေးခြင်း သွေးအတွင်း အောက်ဆီဂျင်ပမဏတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးကိုဆက်လက်ထိုးနှံပေးကြသည်။ တဆက်တည်းမှာပင် ဆေးဆက်လက်ထိုးနှံနေသည့် ကျေးလက်ကျန်းမာရေးဌာနကျောက်တောင်တိုက်နယ်ဆေးရုံ၊ သပြေကန်ကျေးလက်ကျန်မာရေးဌာန၊ သဝင်ချောင်းကျေးလက်ကျန်းမာရေးဌာန၊ အလယ်ကျွန်းကျေးလက်ကျန်းမာရေးဌာန၊ ဆင်တက်မော်ကျေးလက်ကျန်းမာရေးဌာန၊ မြင့်ဂါကျေးလက်ကျန်းမာရေးဌာနများသို့ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မိမိကျရာစုရပ်များသို့သွားရောက်ကြီးကြပ်ဆောင်ရွက်ကြလျက် ကျေးရွာများမှ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြသည်။ ပေါက်တောမြို့နယ်ရှိ ကာကွယ်ဆေးထိုးနှံပေးသည့်စုရပ်(၈)ခုတွင်ယနေ့ဆေးထိုးနှံရန် လာရောက်ကြသူ စုစုပေါင်း(၁၂၈၁)ဦးထိုးနှံကြသည်ကို သိရှိရသည်။ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာကြသော ပြည်သူများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်၀င်းနှင့် အဖွဲ့ဝင်များက ဆေးထိုးနှံပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ရှောင်ရန်ဆောင်ရန်အချက်များကို အလေးအနက်ထားလိုက်နာကြစေလိုကြောင်း ပြောကြားပြီး ဒုတိယအကြိမ်ထိုးနှံခြင်းကိုလည်း မပျက်မကွက်လာရောက် ထိုးနှံကြရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်သန်း