အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့်အခြား ပုဂ္ဂလိက/အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 
Aug 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ YUFC လေ့ကျင်းရေးကွင်းနှင့် အ.ထ.က.(၁)ကျောင်းတို့တွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်ရှိနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Aug 07,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ၊ Volunteer  လူမှုရေးအဖွဲ့စည်းများအား  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်မှုမှ ကာကွယ်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်း ဦးဆောင်မှုဖြင့် စုရပ်နေရာများ ထားရှိပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ၄ နာရီ အထိ၊ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာတွင် သြဂုတ် ၆ရက်က မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို COVID-19 ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီစနစ်တကျထုတ်ချေးပေးခဲ့ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရန် အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ (၄)နာရီအချိန်ကစတင်၍ အသိပညာပေးဆောင်ရွက်ခဲ့သည်။
Aug 07,2021
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ်တို့အတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ်  Sinopharm ကို ယမန်နေ့  ၁၁ နာရီ ခွဲအချိန်က  တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့လေဆိပ်သို့ ပို့ဆောင်သယ်ယူပေးခဲ့ကြောင်းသိရှိရသည်။