မိုင်းရယ်မြို့နယ်တွင် ပြည်သူ့များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

                                                                              မိုင်းရယ်    ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ဆေးထိုးရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုများ၊ အသက် ၁၈ နှစ်အထက်ပြည်သူများနှင့် သကြားစက်ရုံမှဝန်ထမ်းများအား  ယနေ့နံနက်(၉)နာရီမှစတင်၍ မိုင်းရယ်မြို့ ရပ်ကွက်(၁)ရှိ နမ့်ရယ်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့သည်။

ယနေ့ ကာကွယ်ဆေးထိုးနှံခြင်းသည် ဒုတိယ အသုတ် ထိုးနှံခြင်းဖြစ်ပြီး ဆေးအလုံး ၃၈၀ ဖြင့် လူဦးရေ ၇၆၀ ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ပြီး တပ်မတော် ဆေးတပ်ဖွဲ့ဝင်များ၊ ပရဟိတနှင့်လူမှုကူညီရေးအသင်း အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။               

မြို့နယ် ပြန်/ဆက်              

သတင်းပေးပို့သူ                  -                  ဦးကျော်ဇင်ထိုက်၊ ဓာတ်ပုံကျွမ်းကျင်-၂၊ မိုင်းရယ်

၀၉၉၆၉၈၄၄၀၈၇