သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ရေးအတွက် PPE ဝတ်စုံများနှင့် Vitamin D 3 10000 IU ဆေးဘူးများလှူဒါန်း

ရန်ကုန် ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ထိစပ်လူနာများထိတွေ့ရာတွင်အသုံးပြုရန်အတွက်PPE ဝတ်စုံများနှင့် Vitamin D 3 10000 IU ဆေးဘူးများကိုယနေ့၊ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။ ကြက်ခြေနီတပ်ဖွဲ့စေတနာလုပ်အားရှင်များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် တာဝန်ရှိသူများကသက်ဆိုင်ရာဆေးရုံ၊ Quarantine Centreများသို့ နေ့စဉ်ခေါ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဉီးရဲနီထွန်းမိသားစုမှ LEVEL 3 PPE ဝတ်စုံ(၂၀)စုံနှင့် Vitamin D 3 10000 IU ဆေးဘူး(၁၀၀၀)ဘူး အားလာရောက် လှူဒါန်းရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒု-မြို့နယ်တပ်ဖွဲ့မှူးဉီးဝင်းထိုက် က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းနှင့်ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ စန္ဒာမိုး