Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအား ဆောင်ရွက်
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၇ ရက်နေ့အထိ အရှိန်အဟုန်မပျက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ တိုက်နယ်အားလုံးကို ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးစုရပ်များသို့ မွန်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း လာရောက်ကြည့်ရှုစစ်ဆေး
Aug 07,2021
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးပေးသည့် စုရပ်များသို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် အဖွဲ့က ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါကူးဆက်ပျံ့ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ခရိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အများပြည်သူ ဆက်သွယ် သွားလာလျက်ရှိသော မုံရွာ မြို့တွင်းနှင့် မြို့ဝင်/မြို့ထွက်တို့ရှိ ကိုဗစ်-၁၉ ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များဖြစ်သည့် ရွှေစည်းခုံဘုရားအနီး၊၊ လျှပ်စစ်ရုံးရှေ့၊ ဇောင်ကြမ်းပင်ကျောင်းရှေ့၊ TTC ကျောင်းရှေ့၊ ဘိုးဘွားရိပ်သာအဝိုင်းလမ်းဆုံ၊ ကျောက္ကာလမ်းပေါ်ရှိ မြဝတီရပ်ကွက်ရုံးရှေ့၊ ပြည်ထောင်စုလမ်းပေါ်ရှိ ကန်သာယာ ယာယီစျေး၊ ကျွဲရဲအဝိုင်း Denko ဆီဆိုင်အနီး၊ မင်းဒေါင့်လမ်းဆုံ အလုံ ကိုဗစ်-၁၉ ကာကွယ်ရေး ပူးပေါင်း စစ်ဆေးရေးဂိတ်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအား ပြည်သူများလိုက်နာမှုရှိမရှိအခြေအနေများကို စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ကို မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်များအား အများပြည်သူသိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံကြေညာခြင်း၊ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မုံရွာမြို့နယ်အား Stay at home စတင်သတ်မှတ်သည့် ကာလဖြစ်တဲ့အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်စေရေးနှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့သွားလာရန်ရှိပါက သတ်မှတ်ထားသော ရပ်ကွက်/ကျေးရွာများအလိုက် စျေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်းသွားလာရန် ဝင်/ထွက် ခွင့်ကတ်များ ကိုင်ဆောင်၍ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် အသိ ပညာပေး စစ်ဆေးဆောင်ရွက်ခြင်းများနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆေးထိုးနှံမှုများ ဆောင်ရွက်
Aug 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃ ရက်နေ့တွင် အသက် ၆၅နှစ်အထက်သက်ကြီး အဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့ လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများပင်ပန်းမှုသက်သာ စေရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ် (၇)နေရာအပြင်၊နောက် ထပ်သုံးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ နယ် အောင်သုခကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ ပြည်သူများသိရှိစေရေးအသိပညာပေးနှိုဆော်ခြင်းများဆောင်…
Aug 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အောင်သုခကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များ ပြည်သူများသိရှိစေရေး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်သုခကျေးရွာအုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် (၈)နာရီခွဲအချိန် ကအသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် မမြဆည်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်
Aug 07,2021
ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံအတွင်း ယနေ့နံနက်က ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်မှူးနှင့် တာဝန်ရှိသူများ ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ဘုတ်ပြင်း မြို့နယ် ခဲမိုင်းကျေးရွာတွင် ယနေ့ညနေက အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25821
Page
25822
Page
25823
Page
25824
Current page
25825
Page
25826
Page
25827
Page
25828
Page
25829
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department