ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ဓနုဖြူ   ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ တိုက်နယ်အားလုံးကို ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဓနုဖြူမြို့နယ်အတွင်းရှိ တိုက်နယ်၆ခုတွင် နေ့စဉ်ထိုးနှံမည်ဖြစ်ပြီး ယမန်နေ့တွင် အသက်၁၈နှစ်အထက် သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ အသက်၆၅နှစ်အထက် အဘိုးအဘွားများကို ထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)