အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဟိုပုံးမြို့နယ်၊ ပင်လောင်း မြို့နယ်၊ဆီဆိုင်မြို့နယ်များတွင်  မြို့နယ်များအလိုက် ရရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး  Sinopharm   အား ပထမအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
Aug 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုင်တင် ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရန် ယနေ့နံနက်ပိုင်း (၉)နာရီအချိန်တွင် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို အဖိုးအဘွားများ ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 07,2021
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက် အကူဖြစ်စေမည့် အောက်ဆီဂျင်စက်ရုံအား အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးဆောင်မှုဖြင့်ဇူလိုင်လ(၁၄) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၆) ရက်နေ့အထိ စုစုပေါင်းအလှူရှင် (၅၅၆)ဦးမှ လှူဒါန်းငွေကျပ်(၁၅၂၅၁၀၀၀၀) ကျပ်အားလှူဒါန်းခဲ့ကြသည်။
Aug 07,2021
ပဲခူတိုင်းဒေသကြီး ပြည်မြို့၌ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ဌာနဆိုင်ရာများ ကိုဗစ်-၁၉ကာကွယ်ဆေးများကို အ.ထ.က(၁)ကျောင်းနှင့် မူယာပင်ခန်းမတို့၌ နံနက်၈နာရီခွဲမှ နေ့လယ် ၁၂ နာရီထိ ရပ်ကွက်နေမိဘပြည်သူများ၊ တိုင်း၊ခရိုင်၊မြို့နယ် အဆင့်ဌာဆိုင်ရာများ၊ စက်ရုံအလုပ်ရုံလုပ်သားများ၊ ရဟန်းသံဃာများ၊ စည်ပင်သာယာဈေးများမှ ဈေးရောင်းသူများ၊ ယာဉ်ကြီးကြပ်အဖွဲ့မှ တာဝန်ရှိသူများ၊ ယာဉ်နောက်လိုက်နှင့်ယာဉ်မောင်းများ စုစုပေါင်း(၄၀၀)ဦးကို မူယာပင်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီမှ သိရသည်။
Aug 07,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစွာရရှိရေးတို့အတွက် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ် နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များသည် စစ်ဗျူဟာအဖွဲ့ (အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းသိမ်းနှင့်အတူ ပူတာအိုတပ်နယ် ဧက(၅၀၀) ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံ (နမ့်တာလဲ)ကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုအားပေးသည်။
Aug 07,2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်ရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် တစ်နေ့လျှင် ရေဂါလန် ၃ ဒသမ ၃ သန်း ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံ စီမံကိန်း အကြိုလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒလ-တွံတေး ကားလမ်းမကြီး တစ်လျှောက် အချင်း ၆၃၀ မီလီမီတာ(၂၄လက်မ)ရှိ HDPE Main Transmission ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး ခြင်းနှင့် Mask များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
Aug 07,2021
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ထားသည့်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု ရှိ/မရှိနှင့် အိမ်အပြင်ထွက်ပါက သတ်မှတ် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ခရိုင်နှင့် မြို့နယ်ပူးပေါင်း စစ်ဆေးရေး အဖွဲ့တို့သည် ယမန်နေ့ညနေပိုင်းက အဖွဲ့များခွဲကာ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့များရှိ ဈေးများ၊ လမ်းဆုံများတွင် လှည့်လည်စစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်း မလိုက်နာသူများအား အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။