Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ကြီးမြို့နယ်၌ Stay at Home ကာလအတွင်း သတ်မှတ်စည်းကမ်းလိုက်နာမှု မရှိသူ (၁၉)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်…
Aug 07,2021
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ထားသည့်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု ရှိ/မရှိနှင့် အိမ်အပြင်ထွက်ပါက သတ်မှတ် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ခရိုင်နှင့် မြို့နယ်ပူးပေါင်း စစ်ဆေးရေး အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက အဖွဲ့များခွဲကာ တောင်ကြီးမြို့အတွင်း ဈေးများ၊ လမ်းဆုံများ၊ မော်တော်ယာဉ်ဂိတ်များ၊ စားသောက်ဆိုင်များတွင် လှည့်လည်စစ်ဆေးခဲ့ပြီး သတ်မှတ်စည်း ကမ်းမလိုက်နာသူများအား အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုး နှံကြရန်နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အ ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကား ရာနေရာများတွင် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် ငွေကျပ် (၁၀)သိန်း လှူဒါန်း
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးလွင်နှင့် အရာရှိ စစ်သည်၊ မိသားစုများမှ ပုလောမြို့နယ်တွင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရန် အတွက် ငွေကျပ် ၁၀ သိန်းကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကောဝိဒ ထံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးမည်
Aug 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး (Sinopharm) ဒုတိယ အသုတ်ထိုးနှံခြင်းကို ဩဂုတ်လ(၈)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဦးစားပေးအုပ်စုအလိုက် မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန်အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
Aug 07,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံရန်မချမ်းဘော့မြို့ပေါ်ရှိရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်လှည့်လည်နိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅နာရီတွင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Aug 07,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုတွင် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားနှင့် ဦးစားပေးအဆင့်အလိုက် ပြည်သူ (၅၅၂၄…
Aug 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်လိုက် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို ဇူလိုင်လ(၃၀)ရက်နေ့ မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 07,2021
ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25818
Page
25819
Page
25820
Page
25821
Current page
25822
Page
25823
Page
25824
Page
25825
Page
25826
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department