အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် စက်မှုဇုံ၁၄/ ၁၅ တွင် အလှူရှင်များ စုပေါင်းပြီး လိုသူယူပိုသူလှူ ကာလဒါနလှူဒါန်းခြင်းကိုယနေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 07,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက် (၉)နာရီမှ စတင်၍ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Aug 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အောက်ဆီဂျင်များ နေ့စဉ်အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ အောက်ဆီဂျင် (၄၀)လီတာဆန့် (၅)လုံး၊ PPE (Level-2) (၁၀၀)စုံ၊ PPE (Level-3) (၃၀)စုံ၊ Mask (၂၅၀၀)ခု၊ Hand Gel (၂)ဖာ၊ ပိုးသတ်ဆေးပုံး (၂)ပုံး တို့ကို ယနေ့နံနက်(၁၀)နာရီခွဲခန့်က သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်အတွင်းရှိ    သာသနာ့နွယ်ဝင် ဆရာတော် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေအတွက်    ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို    ဩဂုတ်လ(၇)ရက်   နံနက်(၈)နာရီအချိန်က မြင်းမူမြို့ပေါ်ရပ်ကွက်အသီးသီးရှိ       သတ်မှတ်နေရာအသီးသီးတွင်     အောင်မြင်စွာထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူတိုက်နယ်ဆေးရုံရှိ ဇီဝိတဒါနသံဃာ့ဆေး ရုံ Quarantine Centre ကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရသဖြင့်  ဆေးဝါးကုသမှုခံယူနေကြသော လူနာများအနက် (၆)ဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်ပြီး ထူးခြားရောဂါလက္ခဏာပြသမှုမရှိခြင်းနှင့် သတ်မှတ်ကန့်သတ်ရက် ပြည့်မြောက်ပြီ ဖြစ်ခြင်း တို့ကြောင့် ယမန်နေ့ မွန်းလွဲ၂နာရီအချိန်မှစ၍ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်  ကာကွယ်ရေးနည်းလမ်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍    ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ် - ၁၉ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို သတ္တမမြောက်နေ့အဖြစ် သတ်မှတ်စုရပ်နေရာများ၌ ကျန်းမာရေးဝန်ထမ်းများက  စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။