ရေး ဩဂုတ် ၇
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးပေးသည့် စုရပ်များသို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် အဖွဲ့က ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ကျန်မားရေးဦးစီးဌာန ဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် အဖွဲ့သည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးသည့် စုရပ်များဖြစ်သည့် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၊ တပုလ္လင်နှစ်ဆူဘုရားဓမ္မာရုံ၊ အထကအဏ္ဏဝါကျောင်းနှင့် အစင်ကျေးရွာ ရတနာ့ဗိမာန်ကျောင်းများတွင် ပြည်သူများအား ကာကွယ်ဆေးထိုးပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်ကာကွယ်ဆေး မထိုးမီ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်စစ်ဆေးပေးခြင်းများကို သေချာ စနစ်တကျ ဆောင်ရွက်ပေးကြရန်နှင့် ကာကွယ်ဆေးထိုးပြီး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)