မုံရွာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မုံရွာ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါကူးဆက်ပျံ့ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  တိုင်းဒေသကြီး/ခရိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှု‌ရေးအသင်းအဖွဲ့ဝင်များပါဝင်‌သော ပူးပေါင်းအဖွဲ့က အများပြည်သူ ဆက်သွယ် သွားလာလျက်ရှိသော  မုံရွာ မြို့တွင်းနှင့် မြို့ဝင်/မြို့ထွက်တို့ရှိ ကိုဗစ်-၁၉ ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များဖြစ်သည့် ရွှေစည်းခုံဘုရားအနီး၊၊ လျှပ်စစ်ရုံးရှေ့၊ ဇောင်ကြမ်းပင်ကျောင်းရှေ့၊ TTC ကျောင်းရှေ့၊ ဘိုးဘွားရိပ်သာအဝိုင်းလမ်းဆုံ၊  ကျောက္ကာလမ်းပေါ်ရှိ မြဝတီရပ်ကွက်ရုံးရှေ့၊ ပြည်ထောင်စုလမ်းပေါ်ရှိ ကန်သာယာ ယာယီစျေး၊ ကျွဲရဲအဝိုင်း Denko ဆီဆိုင်အနီး၊ မင်းဒေါင့်လမ်းဆုံ အလုံ ကိုဗစ်-၁၉ ကာကွယ်ရေး ပူးပေါင်း စစ်ဆေးရေးဂိတ်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအား ပြည်သူများလိုက်နာမှုရှိမရှိအခြေအနေများကို စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ကို မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်များအား အများပြည်သူသိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံကြေညာခြင်း၊ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မုံရွာမြို့နယ်အား Stay at home စတင်သတ်မှတ်သည့် ကာလဖြစ်တဲ့အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်စေရေးနှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့သွားလာရန်ရှိပါက သတ်မှတ်ထားသော ရပ်ကွက်/ကျေးရွာများအလိုက် စျေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်းသွားလာရန် ဝင်/ထွက် ခွင့်ကတ်များ ကိုင်ဆောင်၍ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် အသိ ပညာပေး စစ်ဆေးဆောင်ရွက်ခြင်းများနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

 မုံရွာမြို့ပေါ်ရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်များကို သတ်မှတ်နေရာအသီးသီးတွင် ဇူလိုင်၂၅ ရက်မှစတင်ကာ နေ့စဉ်ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ ကိုဗစ်-၁၉ရောဂါ မကူးစက်မပြန့်ပွားအောင် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မုံရွာခရိုင်အတွင်း မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့်မြို့နယ်(၄)မြို့နယ်တွင်  သြဂုတ်လ(၃)ရက်နေ့မှ(၆)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာမြို့နယ်များရှိ သတ်မှတ်နေရာများအလိုက် ထိုးနှံပေးလျက်ရှိရာတွင် အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွာများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတ ဘုန်ကြီး/သီလရှင်/ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ၊ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊    အကျဥ်းသား/အချုပ်သားများ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း၊ Super Market/ဈေး စသည့် ဦးတည်အုပ်စုများအတွက်     ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရရှိမှုမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) စုစုပေါင်း(၅၀၀၀)လုံးရရှိပြီး ထိုးနှံပြီးစီးမှုအနေဖြင့် (၄၈၂၈)လုံး ဆေးသုံးစွဲပြီး (၁၂၇)လုံး ကျန်ရှိကြောင်းနှင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)