ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် မမြဆည်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်

မြန်အောင် ဩဂုတ်  ၇

ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံအတွင်း ယနေ့နံနက်က ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မမြဆည်ရေလှောင်တမံ အတွင်းသို့ ငါးမြစ်ချင်း (၂လက်မ) ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀) နှင့်ငါးဖားမ သားပေါက်ကောင်ရေ (၅၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀) ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

မမြဆည် ရေလှောင်တမံအတွင်းငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့  မြန်အောင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သူရိန်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံ ဦးငြိမ်းချမ်းနှင့်ဝန်ထမ်းများ၊  မြန်အောင်/ကြံခင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်၍ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဗိုလ် မြန်အောင်