ရန်ကုန် ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် စက်မှုဇုံ၁၄/ ၁၅ တွင် အလှူရှင်များ စုပေါင်းပြီး လိုသူယူပိုသူလှူ ကာလဒါနလှူဒါန်းခြင်းကိုယနေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာလဒါနလှူဒါန်းမှုဆောင်ရွက်ရာတွင် အလှူရှင်များက ဆန်၊ ကြက်ဥနှင့် အသင့်စား ဟင်းမျိုးစုံ တို့ကို ပြည်သူများအနေဖြင့် လိုသူယူ ပိုသူလှူစနစ်ဖြင့် အလှူရှင်များဖြစ်သည့် မထက်ထက် မိသားစု ဖော့ကန်ရပ်ကွက်၊ Sumedha & submitted Foundation ရှင်သုမေဓါနှင့် ရှင်မသုမိတ္တာဖောင်ဒေးရှင်း၊ ရွှေအုန်းကြည်(ရွှေ)မိသားစုနှင့် တညင်းကုန်း ၁၃/ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး မိသားစုများက စုပေါင်းပြီး မတည်လှူဒါန်းပေးဝေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကာလဒါနလှူဒါန်းမှုတွင် ဆန် ၁၆ပြည် ပါအိတ် (၁၀၀)အိတ်၊ကြက်ဥ(၅၀၀)လုံးနှင့် အသင့်စား ဟင်းမျိုးစုံ တို့ကို သဒ္ဒါတရားထက်သန်စွာဖြင့်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)