တကူတိုက်နယ်ဆေးရုံမှ ကိုဗစ်လူနာ(၆)ဦးအား ဆေးရုံမှ နေအိမ်သို့ဆင်းခွင့်ပြု

တနင်္သာရီ ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူတိုက်နယ်ဆေးရုံရှိ ဇီဝိတဒါနသံဃာ့ဆေး ရုံ Quarantine Centre ကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရသဖြင့်  ဆေးဝါးကုသမှုခံယူနေကြသော လူနာများအနက် (၆)ဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်ပြီး ထူးခြားရောဂါလက္ခဏာပြသမှုမရှိခြင်းနှင့် သတ်မှတ်ကန့်သတ်ရက် ပြည့်မြောက်ပြီ ဖြစ်ခြင်း တို့ကြောင့် ယမန်နေ့ မွန်းလွဲ၂နာရီအချိန်မှစ၍ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့မှာ တကူကျေးရွာအုပ်စု-ပြည်အေးရွာမှ (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ သံတိုက်ရွာမှ (၁၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊(၁၄)နှစ်အရွယ်အမျိုးသားတစ်ဦး၊ သာရဘွင်ရွာမှ အသက်(၆၀) အမျိုးသားတစ်ဦး၊ သိန္ဓောရွာမှ အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၆)ဦးတို့ဖြစ်သည်။

၎င်းတို့(၆)ဦးအား ဆေးရုံမှဆင်းခွင့်ပြုသည့်နေ့မှစ၍ (၇)ရက်တိတိ မိမိနေအိမ်တွင် Home Quarintine အသွားအလာကန့်သတ်၍ စနစ်တကျဆက်လက်နေထိုင်ကြရန် တာဝန်ခံဆရာဝန်က သတိပေး/အသိပေး ညွှန်ကြားထားကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)