ကျွန်းစု ဩဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ရေးနည်းလမ်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်းများ၊ နေအိမ်အပြင်သို့ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေတပ်ဆင်အသုံးပြုကြရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွါခွါနေထိုင်ရန်၊ လူစုလူဝေးရှောင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏဆေးရန်၊ အလုံပိတ်ခန်းများကို အတတ်နိုင်ဆုံး ရှောင်ရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းအသိပေးပါရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်/လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြည်ပါ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်နှင့်အညီတိကျစွာ လိုက်နာဆောင်ရွက်ပါရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်မာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူပါ။ အလှည့်ကျရရှိသော ကာကွယ် ဆေးသည် မိမိအတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကိုဗစ်_ ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ပါ။ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်းကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျပါဝင်ပူးပေါင်းပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)