ဘူးသီးတောင်မြို့၌ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံ

မောင်တော ဩဂုတ် ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူ (၂၉၉)ဦးအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးရမန် လာရောက်သည့်  အသက်(၆၅)နှစ်အထက် အဘိုး/အဘွားများ ဦးစားပေး စာရင်း ရေးသွင်းခြင်း၊ သွေးပေါင်ချိန် ကြည့်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ကာ  ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်၊၊

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ စောမင်းသိန်းနှင့် တာဝန်ရှိသူများက လေ့လည်ကြည့်ရှုပြီး အားပေးစကားများ ပြောကြခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၃၃)စု၊ လူဦးရေ (၁၃၅၁)ဦးရှိပြီး ဆေးထိုးနှံမည့် လူဦးရေ(၂၉၉)ဦးရှိကြောင်း ကယ်ဆယ်ရေး စခန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)