ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက်အသိပညာပေးနှိုးဆော်

ဖာပွန် သြဂုတ် ၉       

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးနှင့် ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌ သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည် များလက်မခံရန် နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း maskကို စနစ်တကျ တပ်ဆင်ရန်နှင့် maskမတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ရှိသောနေရာများကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန် ၊ လက်မဆေးဘဲပါးစပ် ၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊လေ၀င်လေထွက်ကောင်းသော အခန်းများ၌သာ နေထိုင်ရန်၊ အပြင်မှ ပြန်လာတိုင်း maskများကို စနစ်တကျစွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့်အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ခံရပါက  နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ ကိုဗစ်၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊နှလုံး ၊ သွေးတိုးရှိသူများကိုကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုသည်ဟု တိုက်တွန်း နှိုးဆော် မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)