မုဒုံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူသိရှိလိုက်နာရမည့်ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာ

မုဒုံ    ဩဂုတ်    ၉

 

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့် ညွှန်ကြားချက်များအား   အသံချဲ့စက်ဖြင့်လှည့်လည်  ကြေညာခြင်းကို  စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ  မုဒုံမြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်   မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍     ယမန်နေ့ ည ၇ နာရီက လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့    အသိပညာပေးရေးလုပ်ငန်းများကို    ကျယ်ကျယ်ပြန့်ပြန့်    ပြည်သူများသိရှိစေရန် ဆောင်ရွက်ရာတွင် ယခုအချိန်ခါ မုဒုံမြို့နယ်၌  ကိုဗစ်-၁၉ ရာဂါပိုးတွေ့သူ နေ့စဉ်နှင့်  အမျှများပြား နေမှုနှင့် သေဆုံးမှုများရှိနေသည့်အတွက် မြို့နယ်အတွင်းရှိ  မိဘပြည်သူ များအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏  အမိန့်ညွှန်ကြားချက်များနှင့် ညီ နေအိမ်ပြင်ပထွက်ခွာပါက   ပါးစပ်နှင့်  နှာခေါင်း  စည်း(Mask)  နှင့် မျက်နှာကာ Face Shield ကို      စနစ်တကျ တပ်ဆင်သွားကြရန်၊   အရာဝတ္တု တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း    လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင်  ဆေးကြောရန်၊ အပြင် ထွက်ရာမှ ပြန်လာ တိုင်းပါးစပ်နှင့်  နှာခေါင်းစည်း(Mask)များကို  စနစ်တကျစွန့်ပစ်ရန်၊   အပြင်မှ ပြန်လာပြီးတိုင်း  အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ    အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများဆီးချို သွေးတိုးရောဂါ အခံရှိသူများနှင့်အနီးကပ် နေထိုင်ခြင်းမှ ရှောင်ရှားရန် ၊စကားပြောခြင်း၊ဈေးဝယ်ခြင်း၊လူစုလူဝေးပြုလုပ်ခြင်းများကိုရှောင်ကြဉ် ရန်၊ လေဝင်  လေထွက်မကောင်းသောအခန်းများကိုရှောင်ရန်  မိမိတို့နေအိမ်များကို    ပြတင်းတံခါး များဖွင့်ပြီး   လေဝင်လေထွက်ရှိ အောင်ဆောင်ရွက်ရန်၊  တစ်ဦးနှင့်တစ်ဦး  တတ်နိုင်သမျှ အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ Mask မတပ်သူများ နှင့်တွေ့ဆုံခြင်းလက်ကိုဆေးကြောခြင်း  မပြုမီ ပါးစပ်၊  နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ရောဂါပိုးကူးစက်ခံရ သည်ဟုသံသယရှိပါက နီးစပ်ရာ  ကျန်းမာရေးဌာနများသို့  ဆက်သွယ်၍   လာရောက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နှင့်ပြည်သူများသို့    ညွှန်ကြားချက်များအား   ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက်  ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ( ပြန်/ဆက်)