ရွှေလောင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကိုကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေး ပေးလျက်ရှိ

 

ပုလဲ သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊  ရွှေလောင်းကျေးရွာတွင်   မနေ့က မြစိမ်း ရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။

 

ပုလဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး   ဒေါ်ခင်စိုးဝင်းက “ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်မှာ   မြစိမ်းရောင်ကျေးရွာစီမံကိန်းကို   ပုလဲမြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ကံပေါက်(အရှေ့)၊   စပါးစေ့၊   တောင်ရွာသစ်ကျေးရွာနဲ့   ရွှေလောင်းကျေးရွာများ၌    အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ   သြဂုတ်  ၁၀ရက်နေ့ မှာ ရွှေလောင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေကြီး ကြပ်မှုကော်မတီက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ  ၃၆ဦးအတွက် ငွေကျပ် ၁၄၂၀၀၀၀၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၃၈ဦး အတွက်ငွေကျပ် ၁၀၉၉၀၀၀၀၊ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅ဦးအတွက်  ငွေကျပ် ၄၄၄၀၀၀၀ စုစုပေါင်း ၈၉ ဦးအတွက် ငွေကျပ် ၂၉၆၃၀၀၀၀ကို  ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားနေတဲ့ ကာလဖြစ်ခြင်းကြောင့်   လူစုလူဝေး   မဖြစ်ပေါ်စေဘဲ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်များနှင့်အညီ ချေးငွေ များကို စနစ်တကျ ထုတ်ချေးပေးခဲ့ပါတယ်” ဟု  ပြောကြားခဲ့သည်။

ပုလဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်အေးချမ်းသာကျေးရွာ၊ ဇေတီ ယျုံကျေးရွာ၊ ကြောင်သန်းကျေးရွာ၊     သပြေရေကျေးရွာ၊   ဇီးဖြူကုန်း (တ)ကျေးရွာ၊ နွယ်အင်းကျေးရွာ၊ ဖလံပင်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ အင်းကန်ကျေးရွာ၊ ဝမ်းဘဲချိုင့်ကျေးရွာ၊ ရွာနောင်ကျေးရွာ၊သရက်လှကျေးရွာ ၊ကံရိုးကျေးရွာ၊လုပ်သား ကျေးရွာ၊ ပဲခင်းမကျေးရွာ ၊ ကြူခြံ ကျေးရွာ၊ ကံကြီးကျေးရွာ၊ နွားကူးကျေးရွာ၊ ကမ္ဘားရပ်ကျေးရွာ၊ ပုပ္ပါကျေးရွာ၊ ကုန်းကျေးရွာ၊ ဦးနှောက်ကျေးရွာ၊  အိုင်ရောင်းကျေးရွာ၊  ကြိုးကြာဥကျေးရွာ၊ ဇီးဖြူကုန်း(မ)ကျေးရွာ၊ ချောင်းနားကျေးရွာ၊  နှောရိုးကျေးရွာ၊  မဲဇရပ်ကျေးရွာ၊ လိန်ကုန်းကျေးရွာ၊ သရက်ကျေးရွာ၊ အလယ်ဘုံကျေးရွာ၊ မုံကြိုင်းကျေးရွာ၊တနယ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကံပေါက်(အရှေ့) ကျေးရွာ၊  စပါးစေ့ကျေးရွာ၊တောင်ရွာသစ်ကျေးရွာနှင့် ရွှေလောင်းကျေးရွာများနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊မွေးမြူ ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့်အာဟာရ ပြည့်ဝစေရန်၊ ကျေးလက်လူထု၏  စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် တုံ့ပြန်နိုင်စွမ်းအားကောင်း သော လူမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေရန်တို့ကိုရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ များကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း၃၀၀နှုန်းဖြင့် ထူထောင်ပေးထားကြောင်း သိရသည်။

မင်းခန့်စိုး