အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ယနေ့နံနက် ၄ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာခဲ့မှုကြောင့် မြို့တွင်းရှိ နန့်ယွန်းချောင်း ရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ဝမ်ကောင်းရပ်ကွက်အတွင်း နုန်းများ၊ အမှိုက်များ ဝင်ရောက်တင်ကျန်ခဲ့ကြောင်း သိရသည်။
Aug 11,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း(VDP) ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာပေါင်း (၁၄)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် သဘာ၀ ဘေးအန္တရယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်ဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ငွေသာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့မှ ဆေးထိုးစုရပ်(၂)ခု ခွဲ၍ စတင်ဆောင်ရွက်ပေးခဲ့ရာ၊ ဩဂုတ်လ(၁၀) ရက်နေ့အထိ (၅)ရက်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူ(၆၁၁၂)ဦးရှိကြောင်း သိရသည်။
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အာယုပါလဆေးနှင့် သွေးအလှူတော် အဖွဲ့က ‌ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း၊ ကျန်းမာရေးသုံး ပစ္စည်းနှင့် ဆေးဝါးများကို ဈေးနှုန်း ချိုသာစွာ အလွယ်တစ်ကူဝယ်ယူ အသုံးပြုနိုင်ရန် အဆိုပါအသင်းရုံး၌ ယနေ့နံနက်ပိုင်းက ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျူတောကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့သည့် VDP ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀၀ဖြင့် ‌ ကျေးရွာလူထုလုပ်အား ပူးပေါင်း၍ ကျေးရွာဘက်စုံသုံး ခန်းမဆောင်ကို ၂၀၂၁ခုနှစ်၊ မေလ ၁၄ရက်နေ့မှ စတင်တည်ဆောက် လျက်ရှိကြောင်း သိရသည်။
Aug 11,2021
စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ဘုရားကြီးသည် ယနေ့ နံနက်ပိုင်းက မင်းကွန်းတောင်ရိုးရှိ သံဃာတော်/ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ကိုယ်တိုင်ကြွရောက်အားပေးတော်မူခဲ့သည်။